Dein Suchergebnis zum Thema: Sri Lanka

women to women | Friedrich-Naumann-Stiftung

https://www.freiheit.org/my/myanmar/focus/women-women

FNF Myanmar သည် ယခုနှစ် အတွက် ချမှတ်ထားသည့် ရည်မှန်းချက်များနှင့်အညီ အမျိုးသမီးများ၏ ပါဝင်မှုကို မီးမောင်းထိုးပြရန် ရည်ရွယ်ထားပြီး  အမျိုးသမီးများ၏ အခန်းကဏ္ဍ၏ အရေးပါမှုကို အလေးပေးရန်နှင့် အမျိုးသမီးများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို တိုးတက်လာစေရန်အတွက်  women to women အစီအစဥ်ကို ရည်ရွယ်တင်ဆက်ထားပါသည်။ FNF Myanmar အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် အောင်မြင်လျက်ရှိသည့် အမျိုးသမီးများနှင့် ပြင်ပပတ်ဝန်းကျင်တွင် တွေ့ကြုံရသည့်  သာမန်အမျိုးသမီးများကို လစဉ်အင်တာဗျူးများပြုလုပ်ပြီး ၎င်းတို့၏အသံများကို FNF Myanmar ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသွားမည်ဖြစ်ပါသည်။ Women to women အစီအစဉ်အတွက် FNF မြန်မာအနေဖြင့်် အိုင်တီ၊ စီးပွားရေး၊ အစားအသောက်နှင့် ဝန်ဆောင်မှု၊ တက်တူးအနုပညာ၊ ဓာတ်ပုံ၊ အရေးအသားနှင့် social influencer စသည့် နယ်ပယ်အသီးသီးမှ အမျိုးသမီး ၁၀ ဦးကို လစဥ်အင်တာဗျူးမည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို မည်ကဲ့သို့ လျှောက်လှမ်းနေကြသည်ကို သရုပ်ဖော်ရန်နှင့် ၎င်းတို့အပေါ် ဖိနှိပ်ခံနေရသော လူမှုစိန်ခေါ်မှုများကို တိုက်ဖျက်ရန် နှင့် အမျိုးသမီးအချင်းချင်းအကြား ခွန်အားဖြစ်စေရန် ရည်ရွယ်ထားပါသည်။ အင်တာဗျုးအစီအစဥ်တွင်  FNF သည် အမျိုးသမီးတစ်ဦးဖြစ်ခြင်းကို မည်ကဲ့သို့ ရှုမြင်ပုံ၊ အမျိုးသမီးများ၏အခွင့်အရေးကို မည်ကဲ့သို့ထင်မြင်ပုံနှင့် အမျိုးသမီးအခွင့်အရေးများကို ခုခံကာကွယ်ပုံစသည့် ခေါင်းစဉ်များစွာတွင် ပါဝင်သူများအား ၎င်းတို့၏ အမြင်များကို မျှဝေပေးရန် မေးမြန်းတင်ဆက်သွားမည်ဖြစ်ပါသည်။  ၄င်းတို့၏ကိုယ်ရေးကိုယ်တာနဲ့ ပရော်ဖက်ရှင်နယ်ဘဝများအကြား  ၄င်းတို့ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုများနှင့် ဘဝဖြတ်သန်းပုံ၊ မည်သို့ကျော်ဖြတ်ခဲ့ကြသည်များကိုပါ တင်ဆက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ဘတအောင်မြင်မှုများကို မျှဝေကာ၊ ၎င်းတို့၏ လုပ်ငန်းများတွင်လည်း နယ်ပယ်တူ အမျိုးသမီးငယ်များအား အကြံဉာဏ်များ ပေးနိုင်မည့်  အလုပ်နှင့် ကိုယ်ပိုင်ဘဝ ဟန်ချက်ညီမှုအကြောင်းကိုပါ ထည့်သွင်းမေးမြန်းတင်ဆက်မည် ဖြစ်ပါသည်။ ဤအစီအစဉ်သည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ မတူကွဲပြားသော အတွေ့အကြုံများနှင့် ရှုမြင်သုံးသပ်ချက်များကို ပြသရန် ရည်ရွယ်ပြီး အခက်အခဲများကို ရင်ဆိုင်ရာတွင် အမျိုးသမီးများ၏အားသာချက်များနှင့် ခံနိုင်ရည်အား မီးမောင်းထိုးပြရန် ရည်ရွယ်ပါသည်။  
Jakarta Indonesia EN DE ID Colombo Sri